ညောင်ရမ်းခေတ်သွင်းစာများ (၁၆)

on Tuesday, May 10, 2011
မြို့ကို ကျယ်အောင်ချဲ့လျှင် သင့် မသင့် သိလိုပါသည်။

ရေမြေ့ရှင်လျှောက်သည်ဆရာတော် ---
နန်းမြို့တော်ကို အရှေ့၊ အနောက်၊ တောင်၊ မြောက်နှစ်တာစီတိုး၍ ချယ့်မည်အကြံတော်ရှိသည်။ စက်တော်ခေါ်ရာတွင် မြင်မက်တော်မူသည်။ တခုသောတောင်ကို အမြစ်ပေါ်အောင်တူးစေသည်။ အမြစ်မပြတ်နိုင် ခိုင်ခံ့မြဲမြံသည်။ ဤအရာများသည် ပြောင်းချီသော်လည်းကောင်း၊ ချယ့်သော်လည်းကောင်း၊ အကြောင်း ၂-ပါးသည် အယူတော်အသို့ရှိမည်နည်း။ ကျယ်သည်အရာကိုသာ မခြုန်းသင့်၊ ကျည်းသည်အရာကို ကျယ်အောင်ချယ့်ခြင်းသည် သင့်ပါမည်လော။ လောကဓမ္မမှုကို သိသာအောင် မိန့်တော်မူပါဆရာတော်။ ။

(သပြေလှစား၊ ကြာပန်းညိုစားတို့ကို စေတော်မူသည်။)Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၁၅)

ရာဇမဏိစူဠာစေတီတော်ထီးတင်ရန် ထွက်တော်မူလျှင် ဧရာဝတီကို လှေတန်တားဖြင့် ကူးသင့် မသင့် သိလိုပါသည်

ရေမြေ့ရှင်လျှောက်သည်ဆရာတော် ---
သက္ကရာဇ် ၁၀၁၁-ခု၊ ကဆုန်လ္ဆန်း ၁၁-ရက်၊ ၁-နွေနေ့၊ ရာဇမဏိစူဠာစေတီတော်ကြီး ရွှေထီးတင်မည် အခါတော်ရှိသည်။ ရေမြေရှင်လည်း ထွက်တော်မူကြီး ဓာတ် ၄-ရပ် အကျင်းအပအစီအရင်နှင့် ထွက်တော်မူမည်။ ဧရာဝတီကို လှေတန်တားဖြင့် ကူးပါမည်သင့်သည် မသင့်သည်ကို မိန့်တော်မူပါဆရာတော်။
ရည်မှန်နှင့် အောင်မြတ်ကို စေတော်မူသည်။Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၁၄)

မြို့နယ်စသည်တည်ရန် ဌာဝရကိန်းရောက်နှစ် တွက်နည်းကို သိလိုပါသည်။

ရေမြေရှင်လျှောက်သည်ဆရာတော်---
ခမည်းတော်ဘ၀ရှင်မင်းတရားသည် သက္ကရာဇ် (၉၆၀)တွင် ဌာဝရကိန်းသင့်သည်၊ မြို့နန်းထီးကနက် ဆောက်စိုက်တော် မူသည်၊ ဌာဝရကိန်းကို မည်သို့တွက်သနည်း၊ ဌာဝရကိန်းသင့်သည်နှစ်က နှစ်မည်မျှရောက် ဌာဝရကိန်းဖြစ်ဦးမည်နည်း သိသာအောင် သွင်းတော်မူပါဆရာတော်။ ။
(သရက်ချိုစား၊ အင်းတပင်စားတို့ကို စေတော်မူသည်။)

Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၁၃)

မည်သည့်အခါ သက္ကရာဇ်ဖြိုကိန်းရောက်ပါမည် သိလိုပါသည်။

ရေမြေ့ရှင်လျှောက်သည်ဆရာတော်---
ကောဇာသက္ကရာဇ်ကို ဘေးတော် မိုးညှင်းမင်းတရားဖြိုသောခါ သက္ကရာဇ် ဖြိုကျိန်းမသင့်သည်ကို ဖြိုမှားချေ၍ ကိုယ်တော်အကျိုးပင် ယိုယွင်းသောအရာတို့ကို ရှေးမှတ်ထားသည်စာများကို မှူးမတ်တို့က သွင်းသည်။ သက္ကရာဇ်ဖြိုသည်ကား အဘဲကျိန်းသင့်မှ ဖြိုသည်၊ သက္ကရာဇ်ကိုဖြိုသော ရေမြေ့ရှင်တို့မှာ အဘယ်သို့ အကျိုးခံရမည်၊ မဖြိုပဲနေ၍ သုံးဆောင်သော် အဖြစ်မည်သို့ရှိမည်ကို သိသာအောင် စာသွင်း တော်မူပါဆရာတော်။ ။

Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၁၂)

ပထမ ဒုတိယ တတိယသင်္ဂါယနာတင်ချိန်တို့၌ ဖြစ်ပေါ်တိုးပွားသည့်မြို့ရွာစာရင်းကို သိလိုပါသည်။

ရေမြေရှင်လျှောက်သည်ဆရာတော် ---
သက္ကရာဇ် ကလိယုဂအတို(၂)ခု၊ ၀ါခေါင်လပြည့်နေ့ ဝေဘာရတောင်ရင်း ဇရဲပင်ကြီးတွင် ပထမသင်္ဂါယနာတင်ရာတွင် သင်္ဂါယနာဝင်မြို့၊ သက္ကရာဇ် ကလိယုကအတို(၅၇)ခု၊ ဘုရားသိခင်သာသနာတော် (၁၀၀)ပြည့်တွင် ဝေသာလီပြည်၌ ဒုတိယသင်္ဂါယနာတင်ရာတွင် သင်္ဂါယနာမြို့ရွာ၊ ပါဒလိပုဗ္ဗပူရတွင် တတိယသင်္ဂါယနာတင်ရာတွင် သင်္ဂါယနာဝင်မြို့ရွာတို့ကို ဆရာတော်သာ သက်တော်ရွယ်တော် လျှောက်ပတ်သည်။ အတိဂမ္ဘီရ နက်နဲတော်မူသည်။ သိသာအောင် စာသွင်းတော်မူပါ ဆရာတော်။

(သက္ကရာဇ် ၉၇၀-ခု၊ နယုန်လဆန်း ၅-ရက်နေ့ ဟံသာဝတီရွှေနန်းတော်က ဆရာတော်အနုရုဒ္ဓါ ကျောင်းတော်သို့ ကန်သာယာစား၊ ကန်ပေါက်စားတို့ကို စေတော်မူသည်။)

Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၁၁)

တိုက်ခုနှစ်တိုက် နေရာဌာနအပိုင်းအခြားကို ရှင်းပါရန်။

ရေမြေ့ရှင်လျှောက်သည်ဆရာတော်---

မဇ္ဈိမဒေသဟူသော ပါဒလိပုဗ္ဗပူရကိုအစိုးရသောသီရိဓမ္မာသောကမင်းကြီးလက်ထက် မြို့၊ တိုင်း၊ ခရိုင်၊ နိုင်ငံ နှင့်တကွအရေအတွက်(၈၄၀၀၀)ပွားရာက အကျည်းအားဖြင့်နှုတ်သော အရှေ့ဘက်တိုက်၊ အနောက်ဘက် တိုက်၊ တောင်ဘက်တိုက်၊ မြောက်ဘက်တိုက်ဝင် စချီစမြင် ကလံသံနှင့် မြေတိုင်းမြေထိန်းရှိသော မြို့ရွာတို့သည်ကား အဘယ်မျှ တတိုက်ဝယ်ဦးရေ မြို့ရွာရှိသနည်း။ တွင်းသင်းတိုက်၊ မဟာဒါန်တိုက်၊ ဆင်ကြေးတိုက်ဟူသော (၇)တိုက်၊ သရေခေတ္တရာ (၇)တိုက်၊ ဖျင်တ (၄)တိုက်၊ သန်လျင်ရှမ်း ရ-ရွာ၊ ပြည်မြို့ပေါက်ဟူ၍ ရှိသည်အရာများကို ရှေးပြုစုတည်ထားရင်းနှင့်တကွ သိချင်ပါသည်။ သိမှတ်သားအောင် စာသွင်းတော်မူပါဆရာတော်။ ။
(ထီးပေါင်းကားစား၊ တောင်ပြုန်းငယ်စားတို့ကို စေတော်မူသည်။)Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၁၀)

တရိယင်္ဂမည်သောသင်္ဘောဆိပ်ကား အဘယ်မြို့ကိုဆိုလိုပါသနည်း။

ရေမြေ့ရှင်လျှောက်သည်ဆရာတော်---
အကျွန်းကျွန်း၌ နေကုန်သောကုန်သည်တို့သည် သင်းဘောကူး၍ တကာတော်နိုင်ငံအစွန်းဖြစ်သော တရိယင်္ဂဒီပသို့ သင်းဘောဆိုက်သည်။ တရိယင်္ဂဒီပသင်းဘောဆိပ်သည် ထင်ရှားစွာ ဘယ်ကာလက ဖြစ်သနည်း။ ဘေးတော်သတိုးမင်းဖျားကသည် ၁၉-ဆက်သောမင်းတို့ လက်ထက်တော်၌ ဖြစ်သလော၊ တရိယင်္ဂဒီပဟူသောအမည်သည် အဘယ်ကာလကပင်တွင်သနည်း။ တရိယင်္ဂဒီပအကြောင်းကို သိသာအောင် စာသွင်းတော်မူပါဆရာတော်။ ။

Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၉)

on Thursday, May 5, 2011
သီဟိုဠ်က ဟံသာဝတီသို့ရောက်လာပြီးမှ ယခုအ၀တွင်ရှိသော စွယ်တော်မြတ်အကြောင်းသိလိုပါသည်။

ရေမြေ့ရှင်လျှောက်သည်ဆရာတော် ---
သီဟိုဠ်ပြည်ကိုအစိုးရသော မဟာဥဂ္ဂဓမ္မရာဇာမင်း မရှိနောက် သားတော်သြရသဓမ္မရာမ၊ သည်အောက် ဓမ္မသုန္ဒ၊ သည်အောက် ဓမ္မဒိန္န၊ သည်အောက် ဓမ္မဓရဟူ၍ လေးယောက်သောသားတော်တို့တွင် အကြီးအား ပြည်စည်းစိမ်ကိုပေးသည်ကို အကြီးဖြစ်သော ဓမ္မရာမမင်းသားက ညီတော်ဓမ္မသုန္ဒအား နန်းတက်ပါစေ။ ကျွန်ုပ်မူကား ကလိင်္ဂရာဇ်ကရောက်သော စွယ်တော်မြတ်တို့ကို ကိုးကွယ်၍ ဒေသစာရီလည်ပါမည်ဆိုလျှင် ကိုးကွယ်ပါတော့အပ်၏။ ဓမ္မသုန္ဒမင်းသားကို နန်းတင်ကုန်၏။ နောင်တော်ဓမ္မရာမမင်းသားသည် သီဟိုဠ် ကျွန်းတွင် ဒေသစာရီလည်၍ မိစ္ဆာဒိဋ္ဌိအယူကိုစွဲသော ဇောတိတမပြည်သို့ရောက်၏။ စွယ်တော်မြတ် တန်ခိုးတော်ကြောင့် မဆိတ်မတိတ် စည်ပင်စွာရှိ၏။ တယောက်သောအိမ်နီးခြင်း မိုက်မဲသောလူက မင်းသို့ကြားရာတွင် မင်းရင်ပြင်သို့ခေါ်၍ နှိပ်စက်သည်။ ဓမ္မရာမမင်းသားကလည်း သီဟိုဠ်မင်းဖြစ်ကြောင်းကို ဆိုသော်လည်း စွယ်တော်မြတ်ကိုသာ လူရိုးဆို၍ မြှုပ်ထားရသည်အရာများကို ရာဇပုံ ရာဇထုံးများတွင် မှတ်စုမှတ်သားတို့ကို တွေ့သည်။ သိသာအောင်ဆရာတော်က သွင်းတော်မူပါဆရာတော် ။ ။
(အနုရုဒ္ဓါဆရာတော်ကျောင်းသို့ သာဝတ္ထိစား၊ မုန်လှစားတို့ကိုစေတော်မူသည်။)Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၈)

ဗန်းမော်၊ သိန္နီဘက်သို့ မင်းကိုယ်တော်တိုင် စစ်ချီသင့်၊ မသင့်။
(ညောင်ရန်းမင်းတရား ရွှေဝမြို့ကိုပြုစုတည်ထောင်သောနှစ်၌ ဆရာတော်ကိုမေးလျှောက်သည်။)

ရေမြေ့ရှင်လျှောက်သည်ဆရာတော်--
ဗန်းမော်၊ သိန္နီမြို့များက တိုင်းရေးပြည်မှုတို့ကို လှုပ်ရှား၍ ရှမ်းပြည်တလွှားကပင် မြို့ကပင်ရွာသို့၊ ရွာကသည် တောသို့ ပြောင်းထွက်၍ မငြိမ်မသက်ကြောင်းကို အတပ်အကြပ်သိရသည်။ ဗိုလ်မှူးတပ်မှူးတို့ကို ခန့်ထား ချီသွားရစေသော် သင့်ပါမည်လော။ ရေမြေရှင်ကိုယ်တော်ပင်ချီသွားမှ သင့်မည်လော။ သည်အရာများကို ဗေဒင်ကိန်းခန်း ဓာတ်ပန်းစစ်တွက်ဆေးကြော၍ သိသာအောင် စာသွင်းတော်မူပါဆရာတော်။
(လှိုင်းတက်စား၊ သာဂရစားတို့ကို စေတော်မူသည်။)Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၇)

on Wednesday, May 4, 2011
သီဟိုဠ်ရောက်စွယ်တော်မှာ အစစ်ဖြစ်သည်၊ သို့မဟုတ် အပွားမျှသာဖြစ်သည် သိလိုပါသည်။

ရေမြေ့ရှင်လျှောက်သည်ဆရာတော် --
သုံးလူအထွတ်မြတ်စွာဘုရား၏ စွယ်တော်မြတ်သည် ကလိင်္ကရာဇ်ပြည်က သီဟိုဠ်ကျွန်းသို့ ရောက်တော်မူသည်။ အထက်လက်ျာထက်အောက်၊ အောက်လက်ဝဲထက်အောက် ကျမ်းဂန်တွင် ရှိမည်။ ဟံသာဝတီပြည်ကြီး၌ ခမည်းတော်ဘုရားလက်ထက်တော် သီဟိုဠ်ပြည်ကိုအစိုးရသော ဓမ္မပါလမင်းက ရောက်သည် စွယ်တော်တဆူ၊ သပိတ်တလုံး၊ မင်းသ္မီးနှင့်တကွ ရတနာအပြည့်တင်သော သင်းဘောနှင့်တကွ ဆက်သည် စွယ်တော် သပိတ်တော်မှာ ကိုးကွယ်တော်မူအပ်ပါသည်။ ရောက်သည် သပိတ်သည် ရာဇာယတနတွင် စတုလောကပါလနတ်တို့လှူသော သပိတ်လော၊ သီဟိုဠ်ကျွန်းကိုအစိုးရသော အဘယဒုဋ္ဌကာမဏိသည် မဟာစေတီကို တည်သောအခါ သီဟိုဠ်မြို့ အရှေ့တောင်ထောင့် (၅)ရက် ခရီးဝယ်ရှိသော စေတီ ဘိနပ်တော်ကား ခြောက်ဆယ့်လေးမင်း မယ်စား သုံးစရွတ်နှင့်သုံးခွက်ရှိသည်။

အရပ်တော်ကား ဘုရားသိခင်အတောင်တော်နှင့် နှစ်တောင်အရေအတွက်ရှိသည်ကို (၇)တောင်တာနှင့် တာဖွဲ့သော် (၈၅၇)တာ တတောင်ရှိသည်။ ထိုစေတီတော်၌ ဌာပနာရန် ရှင်ရဟန္တာမြတ်တို့သည် ဘောဂ၀တီပြည်သို့ ကြွ၍ပင့်သည်။ စွယ်တော်ကို နတ်နဂါးကိုးကွယ်ဝှက်ရာတွင် တန်ခိုးပြာဋိဟာနှင့်နှိပ်နင်း၍ ယူဆောင်ရသည်များကို ကျမ်းဂန်လာသည်။ နဂါးပြည်ကရောက်သော စွယ်တော်စစ်ပင်လော၊ အပွားလော။ မသိသာပါ။ သိသာအောင် ကျမ်းဂန်ကြည့်၍ မိန့်တော်မူပါဆရာတော်။ ။
(တပယ်စား၊ တောင့်ရစ်စားတို့ကို စေတော်မူသည်။)Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၆)

ယခု မြို့နန်းတည်ထားလျက်ရှိသော သန်လျက်ကျွန်းနေရာတွင် ယခင်ကမည်သည့်မြို့နန်းဖြစ်ဘူးကြောင်း သိလိုပါသည်။

ရေမြေ့ရှင်လျှောက်သည်ဆရာတော် --
တကာတော်စံနေသောသံလျက်ကျွန်းတွင် ထီးနန်းကနက်စိုက်ဆောက်သည်။ ရာဇပလ္လင် ဥဂင်ရွှင်သည်၊ ရာဇာဘိသေက ခံသည်။ ထီးဆောင်းနန်းနေတို့တွင် သိသာရုံကောက်နှုတ်၍ စာသွင်းတော်မူပါ။ ဥပမေယျကား- မြင်းသာ စီးတတ်သည်၊ `မြင်းထီး မြင်းမ` မသိဆိုသော စကားဟောင်းရှိချေသည်ဖြစ်၍ အကျဉ်းအားဖြင့် သိသာမှတ်သားရုံ အတိဂမ္ဘီရဉာဏ်တော်ဖြင့် ထောက်ရှု၍သွင်းတော်မူပါဆရာတော် ။ ။
(ကိုရန်ရွာစား၊ ကျပို့စားတို့ကို စေတော်မူသည်။)

Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၅)

စေတီတဆူအတွင်း၌ စေတီတဆူတည်သင့်၊ မတည်သင့်။ စေတီကိုပြောင်းသင့်၊ မပြောင်းသင့်။

ရေမြေ့ရှင်လျှောက်သည်ဆရာတော် --
ဇမ္ဗူဒီပါကျွန်းစသော ကျွန်းငယ်ငါးရာတို့၌ သုံးလူအထွတ် ဘုရားရှင်မွေတော်ဓာတ်တော် ရောက်ရာအရပ်တို့၌ စေတီတည်ခြင်း၊ ကူတည်ခြင်း၊ ရေတွင်းတူးခြင်း၊ ရေကန်ပြုခြင်း၊ ကျောင်း သိမ် စရပ် တန်တားဆောက်ခြင်း၊ ပလ္လင်ပြုခြင်း၊ ပြဿဒ်တဆောင်ဆောက်ခြင်း၊ ရေစင်သွန်း၍ မဟာပထ၀ီသို့ရေစက်ချ၍ ပြုစုလှူဒါန်းသမျှ ဌာနတို့သည်ကား မြတ်သောမဟာဘူမိက ၀င်ချေသည်။ ထိုမြေ၊ ထိုအဆောက်အဦး၊ ထိုတောင်တို့သည် အမြတ်ယူရမည်။ ထိုပြည် ထိုမြို့ကို အစိုးရသောမင်းတို့လက်ထက် တောအုံချုံပိတ်ပေါင်း ထူထပ်၍ အတည်အထား အပြုအစု အစေ့အနှံ့မဖြစ်နိုင်၍ ကျန်ကြွင်းသော တောကြီးမျက်ရှည်လည်း ရှိသည်။ ထိုထိုသော တောကြီးမျက်ရှည် တောင်ထိပ်တို့တွင် အဆက်ဆက်စိုးအုပ်သော မင်းဧကရာဇ်တို့သော်လည်းကောင်း၊ မင်းသား၊ မင်းမြေး၊ သူဋ္ဌေးသူကြွယ်၊ မြို့နေပြည်သားတို့သည်လည်းကောင်း၊ အတည်အထား အပြုအစုမရှိ တောသက်သက်ဖြစ်သည်။ Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၄)

အ၀ရန်အောင်မြင်ဘုရားသမိုင်း သိလိုပါသည်။

ရေမြေ့ရှင်လျှောက်သည်ဆရာတော် --
ယခုဘာ့တမော့အရှေ့ ရန်အောင်မြင်ဘုရားကို တည်ထားသောမင်းကို စာဟောင်းများတွင်မဆို။ ရန်အောင်မြင်ဟူ၍ ရတနာပူရတွင် ထင်ရှားစွာ မြို့နေပြည်သားတို့ ပူဇော်ဖူးမြင်ကြသည်။ တည်ထားသည့်သက္ကရာဇ် လ၊ ရက်၊ နေ့၊ သာသနာတော်တို့ကို အတတ်သိချင်သည်။ မိန့်တော်မူပါဆရာတော်။ သာဂရစား၊ ပန်းတွင်းစားတို့ကို စေတော်မူသည်။Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၃)

ပုညရှင်စေတီတော် တကာအကြောင်း သိလိုပါသည်၊ စေတီကိုလည်း ယခင်ရှိပြီးစေတီနှစ်ဆူကိုငုံ၍ တည်ထားခြင်းဟုတ်၊မဟုတ်သိလိုသည်။

ရေမြေ့ရှင်လျှောက်သည်ဆရာတော် --
စစ်ကိုင်းမင်းဝံတောင်တွင် စေတီတော်ကို ပုညစေတီဟု ခေါ်ဝေါ်ကုန်သည်။ ပုညာဆိုသောသူသည် မြို့သူကြီးလော၊ အမတ်ပင် ပုညာခံသလော၊ ပုညာအမတ်သည် အိမ်စည်အိမ်ဦးတွင်ထဲသော ၀ိဇယပူရက ပန်းထိမ်ငစိမ်သင့် ယူခဲ့သော တူထဲကတဆူ၊ ပေထဲကတဆူထွက်၍ ဘလားလုံးရှိ တ၀င်းဝင်းရှိသည်ကို ရတနာပန်းတောင်းဖြင့်ခံ၍ ကျိန်းဝပ်တော်မူပါ တောင်းပန်သည်။ မွေတော်နှစ်ဆူနားသည်။ မိုးသောက်လျှင် ခြေမြန်ကုလားကိုစေ၍ ရွှေလင်ပန်းတွင် သင်ပုတ်အပြည့်ပြင်၍ မွေတော်နှစ်ဆူတို့ ပတ္တမြားကြုတ်နှင့် သင်ပုတ်ဦး၌ မြှုပ်မှ အမောင်.. လေးကျွန်းဆီမီးတောင်က တက်၍ တောင်ထိပ်တပြင် တင်ချင်စိတ်ရှိသည်၊ တောင်ထိပ်တင်ခဲ့တော့ မှာထားပို့စေသည်။ လေးကျွန်းဆီမီးကတက်၍ တောင်ရိုးကို လျှောက်သည်။ သီရိ(ဓမ္မာ)သောကမင်းကြီး တည်သောစေတီတဆူ၊ ပတူသင်္ဃရာဇာတည်သော စေတီတဆူအကြားတွင် တည်ထားသည်။ ထိုတွင် နှစ်ဆူသောစေတီကို မြို၍ ပုညာအမတ် စေတီတည်သည်ကို အသင်္ခယာစောယွန်းသည် မာန်တက်၍ ပုညာအမတ်ကို ရေစိမ်ရာတွင် ရေပင်ဝှမ်း၍ ပုညာအမတ်သည် ရေပြင်ထက် ပကတိနေနိုင်သည်။ အစည်စကား ဆိုတုံကြသည်။ သိသာအောင် မိန့်တော်မူပါဆရာတော် ။ ။Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၂)

ဘုရားရှင်ဆံတော်မြတ်ရှစ်ဆူကို ဌာပနာသောစေတီရှစ်ဆူတွင် သီဟပဗ္ဗတစေတီတော်၌ ဌာပနာသော ဆံတော်မြတ် မြေသို့မကျဘဲ ရှိသည့်အခြင်းအရာကို ရှင်းလင်းပါရန်။ ။

ရေမြေ့ရှင်လျှောက်သည်ဆရာတော် --
သုံးလူအထွတ်မြတ်စွာဘုရားသည် တဖုဿ၊ ဘလ္လိက ကုန်သည်ညီနောင်တို့နောက်မှ ဘုရားသခင်ခြောက်ဝါမြောက်သော ဆံတော်ရှစ်ချောင်းကို ကုန်သည်တို့အား ဇာလိယတောင်တွင် အပ်တော်မူသည်။ ဆံတော်မြတ်ကို နတ်တို့နှင့်ညှိ၍ ဇေယပဗ္ဗတ-ဟူသော မောထောရှင်စောကို တည်၍ ဌာပနာသွင်းသည်။ နာဂပဗ္ဗတတွင် နှစ်ချောင်း၊ နိဂြောဓပဗ္ဗတတွင် နှစ်ချောင်း၊ ဂေဟပဗ္ဗတတွင် နှစ်ချောင်း၊ ကျဇောမည်သောအရပ်တွင် နှစ်ချောင်း၊ တောင်ကြီးတွင် နှစ်ချောင်း၊ တလိုင်လိုမလွန်တွင် နှစ်ချောင်း၊ အသိတတွင် နှစ်ချောင်း ဌာပနာ၍ စေတီတည်သောအခါ သိကြားနတ်မင်း ရသေ့တို့နှင့်တည်သည်။ သီဟပဗ္ဗတတွင် စေတီကား တောင်ထိပ်မြေကို မကျပဲကောင်းကင်၌ တည်သည်အရာများကို ရှေးသူတော်ကောင်းတို့ မှတ်သားထားသောစာများကို သွင်းကြ၍ သိတော်မူသည်။ ထိုရှစ်ဆူသောစေတီတွင် ကောင်းကင်၌ မည်သို့တည်၍ တောင်ထိပ်သို့ မကျရှိလေသနည်း။ သည်အရာတို့ကို သိသာအောင် မိန့်တော်မူပါဆရာတော်။Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၁)

ဂန္ဓာရမင်း၊ ရခိုင်မင်း၊ လင်းဇင်းမင်း၊ ယွန်းမင်းတို့ ပင်းယတွင်သက္ကရာဇ် (၆၇၄)ခုက လာရောက် တည်ထားကြသောစေတီများ ယခုအခါတိမ်မြုပ်နေသည်၊ ရှာဖွေပြသနိုင်မည်လား သိလိုပါသည်။

ရေမြေရှင်လျှောက်သည်ဆရာတော်-
စန္ဒစက္ကပဗ္ဗတတောင် အရှေ့ပင်းခြားအင်းတွင် မြေတောင်ရှိသည်၊ ထိုတွင် သက္ကရာဇ်(၆၇၄)ခု၊ တပေါင်းလဆန်း(၇)ရက်နေ့ တစီးရှင်တည်ရာတွင် ကိုးဌာနသည်ကား--ပန်းရစည်းခုံစေတီတော်၊ အတွင်းကျောင်း၊ ရွှေကူ၊ မြို့တော်၊ နန်းတော်၊ ဆောက်ရှည်ကန်၊ ကန်လှ- ကိုးဌာနတို့ကို တချိန်တခါတည်း တည်သည်ဆိုသော စာဟောင်းများသည် ထင်ရှားစွာရှိသည်၊ စေတီတော်ကို တည်သောခါ ဂန္ဓာရမင်း၊ လင်းဇင်းမင်း၊ ယွန်းမင်း၊ ရခိုင်မင်းတို့ကို ရွှေပေအက္ခရာ သံစေ၍ မဟာမိတ် အထက္ခာရီပြု၍ ခေါ်ရာတွင် လာရောက်ကြသည်။ Show/Hide

စကားလက်ဆောင်



ညောင်ရမ်းခေတ် သွင်းစာများကို အွန်လိုင်းချစ်သူများထံ မျှဝေပေးချင်တဲ့စေတနာဆန္ဒ တစ်ခုတည်းနဲ့ ဒီဘလော့လေးကို တည်ဆောက်ခဲ့မိတာပါ။ ညောင်ရမ်းခေတ်ဆိုတာ ဘယ်တုန်းကပါလို့ ပြောစရာ လိုမယ်မထင်ပါဘူး။ သမိုင်းကို အကဲခတ်ဖူးသူတိုင်း ´ညောင်ရမ်းခေတ်´ ဆိုတာကိုသိလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ သမိုင်းချစ်သူတွေအတွက်တော့ ဒီသွင်းစာတွေဟာ အဖိုးမဖြတ်နိုင်တဲ့ရတနာတွေလို့ ပြောလို့ရနိုင်မယ်ထင်ပါတယ်။ သွင်းစာများကိုလေ့လာနေသူများ အတွက် တစ်စုတစ်ဝေးတည်း အလွယ်တကူရရှိစေနိုင်ဖို့ကိုလည်းရည်ညွှန်းပါတယ်။ အနောက်တိုင်း တွေးခေါ်ပညာရှင် ဘာဝါ(Bulwer) ပြောဖူးတဲ့စကားလေးကို သတိရမိတယ်။ ´Laws die, books never.= ဥပဒေတွေကတော့ပျောက်ကွယ်သွားတတ်ပါတယ်။စာအုပ်တွေကတော့ ဘယ်တော့မှ မပျောက်ကွယ် နိုင်ပါဘူး´တဲ့။

ညောင်ရမ်းခေတ်တွင်ဘုရင်မင်းမြတ်ရဲ့အမေးကိုဆရာတော်(သံဃာတော်)တို့ကဖြေဆိုထားတဲ့ သွင်းစာများ အများအပြားရှိခဲ့ပါတယ်။ အဲဒီသွင်းစာအချို့ကို စုပေါင်းမှတ်သားထားတဲ့ပေမူတစ်ဆူကို အမရပူရမြို့၊တောင်လေးလုံဆရာတော် ဦးပညာဇောတ ကူးယူထားတဲ့လက်ရေးစာမူကိုစာစီကာ လက်ဆင့်ကမ်း ပေးလိုက်ခြင်းမျှသာဖြစ်ပါတယ်။Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၃၀)

ဘုရင်းမင်းတို့စံတော်မူရာအရပ်မှ နံတော်မူလရှိရာအရပ်၌ ကောင်းမှုစေတီတည်ထားအပ်ကြောင်းသွင်းစာ

ဘုန်းတော်အလွန်းကြီးလျက် အသက်ရာမြတ် အာယုကပ်ပတ်လုံး အန္တရယ်ရန်မာန်ခပ်သိမ်း ကင်းငြိမ်းတော်မူ၍ ဗုဒ္ဓင်္ကုဘုရားအလျာဖြည့်ရာမှန်လှ စရိယတရားမြတ်သုံးပါးကို ဖြူထားစင်ထွေ ပြည့်လေလေသာ ဖြည့်ဆောင်တော်မူနိုင်ပါစေသောဟု၊ ဥတ္တမဟာသီလဝံသဆရာတော် မေတ္တာရည်မှတ်၍ မပြတ်ပို့ရောက်အပ်သော သာသနာ့ဒါယကာ မဟာဓမ္မရာဇ်တရားမင်းမြတ်၊ မင်းဘို့မင်းရန် မင်းနှင့်တန်သော၊ ကျင့်ဝတ်တရားတို့ကို၊ ဘုရားရှင်ဟောတော်မူနည်းတရားကို၊ အမှီပြု၍ ရှေးဆရာကြီးတို့၊ ဝတ္ထု စာစောင် ပျို့ကဗျာတို့ဖြင့်၊ မင်းကျင့်ခန်းကို ပြညွှန်တော်မူတိုင်း မချွတ်မယွင်း၊ ကျင့်ဆောင်တော်မူပါလျှင်၊ ချမ်းသာသုံးပါး ထင်ရှားရှေ့တော်က ရှိပါတော့သည်။Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၃၂)

ထီးနန်းပြောင်းလဲရခြင်း၊ တိုင်းနိုင်ငံ၌ ဘေးဆိုးကျရောက်ခြင်းနှင့် စစ်မက်ထူပြောခြင်းဖြစ်စေသော ကိန်းခန်းဓာတ်တို့ကို သိလိုပါသည်။

ရေမြေရှင်လျှောက်သည်ဆရာတော် ---
စာဟောင်းများတွင် ဓာတ်လေးရပ်၌၊ ဓာတ်ဆန်းဓာတ်ပျက်တို့တွင် ၃-ပါတ်ရန်မာန်အန္တရယ်များ၍ ထီးနန်းပြောင်းခြင်း၊ တိုင်းရေးပြည်ရေးခက်ခြင်း၊ စစ်မက်တက်ခြင်းအမှုတို့သည် အထူးထူးဖြစ်၍ ထိတ်လေသော အရာ လာလတ္တံ့သောအနာဂါတ်တို့၌ မည်သို့ဖြစ်လတ္တန့်သည်များကို ဆရာတော်သည် အတိဂမ္ဘီရရှိတော် မူသည့်အတိုင်း ဓာတ်ပန်းဓာတ်ကိန်းဓာတ်ဆန်းစုတ်ပျက်စသောအရာတို့ကို သိသာအောင် အကျဉ်းပြ၍ စာသွင်း တော်မူပါဆရာတော်။
ဝမ်းဘဲအင်းမြတ်နန်းဘုံသာနန်းတော်က စားတော်ကွံးရေကိုင် မင်းလှရွှေတောင် မင်းလှကျော်သူတို့ကို စေတော်မူသည်။Show/Hide

ညောင်ရမ်းခေတ်ဦး မင်းတို့၏လောကီယုံကြည်မှုများ

ညောင်ရမ်းခေတ်ဦးတွင် စိုးစံခဲ့ကြသော ညောင်ရမ်းမင်းတရား၊ အနောက်ဘက်လွန်မင်းနှင့် သာလွန်မင်းတို့သည် ထေရ၀ါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်ပြီး သာသနာတော်ကို အားပေးခဲ့ကြသည်။ သို့သော် ထိုမင်းတို့သည် ဗုဒ္ဓသာသနာတော်မှအပ လောကီယုံကြည်မှုတို့ကိုလည်း လက်ခံလုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

ညောင်ရမ်းမင်းသည် အေဒီ ၁၅၉၇-ခုတွင် တောဖြစ်နေသော အင်းဝကို အ၀ဟုသမုတ်ပြီး မြို့တော်အဖြစ် သတ်မှတ်သည်။ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး၊ သောတာပန်နတ်၊ သကဒါဂန်၊ အနာဂန်၊ သာသနာတော်စောင့် မြို့စောင့်နတ်တို့ကို ပသပူဇော်ရန် ၀န်ကြီးများနှင့် ပုဏ္ဏားများကို ကြိုတင်စေလွှတ်သည်။ ၁၂၄-ကွက်သောကြေးနီပြား အင်းများကို ကွက်သေအင်းချ၍ အင်းဦးမြို့တော်ဘက်သို့ လှည့်လျက် မြှုပ်သည်။ ညောင်ပင်တစ်ရာကို နှစ်တာခြားစီ စိုက်သည်။ ညောင်ပင်စိုက်စဉ်တွင် ပညာရှိတို့က မဟာကာလကာကြီးမန္တာန်တော်၊ မဟာမာရမိုနကြီးမန္တာန်တော် မန်း၍ နတ်ပွဲအစုံ တည်ထား ကျင်းပ၏။ မြို့၏အရှေ့နှင့် အနောက်ထိပ်တို့တွင် ညောင်ပင်နှစ်ပင်ကို စိုက်သည်။ ထိုညောင်ပင်နှစ်ပင်ကို မန္တာန်မန်းမှုတ်၍ ဆေးဝါးဖျန်းပက်သည်။ အင်းထောင်ပြည့်စီ ချသည်။ အစောင့်နတ်သမီး နတ်သားတန်ဆောင်းတွင် သူတစ်ကောင် တင်သည်။ တန်းဟူသမျှနှင့် အရပ်အကွက်တို့တွင် အင်း၊ ယတရာ၊ ရန်နှိမ်မာန်နှိမ်၊ ရန်ပြို၊ မာန်ပြို၊ နှံထားစီရင်သည်။ မြို့တော်ပတ်လည်တွင် ကြေးသွန်းသံလျှက်ကိုင်ထားသော အိန္ဒနတ်ရုပ် ၁၀၀၀-ကို မြို့စောင့်အဖြစ် ချထားသည်။ ကြေးနီပြား အင်းများထည့်ထားသော ကျောက်သေတ္တာ ကျောက်အိုးနှင့် ရွှေပြား ငွေပြားအင်းများ မြို့တော်ပတ်လည်တွင် မြှုပ်နှံသည်။ ထိုအစီအရင်အားလုံးကို ညောင်ရမ်းမင်း၏ လျှောက်ထားချက်အရ၊ ဘားမဲ့ဆရာတော်က လုပ်ဆောင်ပေးသည်။ ညောင်ရမ်းမင်းက မြို့တည်အစီအရင်များ လုပ်ပေးရန်အတွက် ဘားမဲ့ဆရာတော်ကို လျှောက်သည်မှာ---
Show/Hide