ရေမြေ့ရှင်လျှောက်သည်ဆရာတော်---
ကောဇာသက္ကရာဇ်ကို ဘေးတော် မိုးညှင်းမင်းတရားဖြိုသောခါ သက္ကရာဇ် ဖြိုကျိန်းမသင့်သည်ကို ဖြိုမှားချေ၍ ကိုယ်တော်အကျိုးပင် ယိုယွင်းသောအရာတို့ကို ရှေးမှတ်ထားသည်စာများကို မှူးမတ်တို့က သွင်းသည်။ သက္ကရာဇ်ဖြိုသည်ကား အဘဲကျိန်းသင့်မှ ဖြိုသည်၊ သက္ကရာဇ်ကိုဖြိုသော ရေမြေ့ရှင်တို့မှာ အဘယ်သို့ အကျိုးခံရမည်၊ မဖြိုပဲနေ၍ သုံးဆောင်သော် အဖြစ်မည်သို့ရှိမည်ကို သိသာအောင် စာသွင်း တော်မူပါဆရာတော်။ ။
Show/Hide
မှာလိုက်သည်ကား---
န၀စန္ဒဟူသောကိန်းကို ငါတို့မြတ်စွာဘုရားဘိုးတော်ဒေ၀ဒဟပြည်ကို အစိုးရသော မဟာအဉ္ဇနမင်းကြီးသည် (၈၆၄၂)ခုကို န၀စန္ဒဟူသောကိန်းဖြင့် (၈၆၄၀)ကန်ချေ၍ ကလိယုကသက္ကရာဇ် တို(၂)ခုထား၍ သုံးဆောင်သည်။ ထိုကလိယုကသက္ကရာဇ်တွင် အတာအဓိမတ်သင်္ချာ(၁၇၅)၊ မာသကိန်း (၂၅)၊ အ၀မာန် (၅၉၀)၊ ဟရဂုဏ်(၇၄၂)၊ ကြံမတ်(၄၂၇)၊ ဥစ္စဘို(၇၀၇)၊ လ-လွန်(၁)ရက်လွန်(၃)ကို သုံးဆောင်သည်။ အာလမ္ပိကကျိန်းမည်ကား ကောဇာသက္ကရာဇ် (၁၃၃၀) ဂေါတမမြတ်စွာဘုရားသာသနာတော်သင်္ချာ (၂၅၁၂) ရောက်မှ ဖြိုကျိန်းကျချေသည်။ အတိမဇ္ဈံလဒ္ဓံဝိယကိန်းကား သာသနာတော်(၅၀၀၀)ကုံ၍ သင်္ချာသက္ကရာဇ် (၁၄၉၃၅၈၅၆၀)ရောက်မှဖြိုသော အစိုးရသောမင်းမြတ်တို့ ဖြိုအံ့သည်။
မိုးညှင်းမင်းတရားမှာ ကိန်းမကျပဲ ဖြိုချေသောကြောင့် ကောဇာသက္ကရာဇ်သင်္ချာကို ဖျက်သည်အပြစ်၊ ဘုရားရှင် သာသနာတော်ကို ဖျက်သည်မည်ချေသောကြောင့်တစ်ကြောင်း၊ မိုးညှင်းမင်းတရားစည်းစိမ်သည် ကောဇာသက္ကရာဇ် (၈၀၁)ခုတွင် စဲချိန်ရောက်သောကံကိုမှီ၍ ဘုန်းတော်စဲသည်သာ ယူရမည်။ ဘုရားရှင် ဟောတော်မူသောအရာကား ကုသလာဓမ္မာ၊ အကုသလာဓမ္မာရှိလေပြီသည်။ ထိုကံသည် တိုက်တွန်းသောခါ ထိုအမှုကို ပြုမိချေသည်များကိုထောက်၍သာ သုံးပုံသောဗေဒင် အဋ္ဌကထာ ဋီကာအရ ကောက်များကိုထောက်၍ သိတော်မူအပ်သည် တရားမင်းမြတ်။ ။
(သက္ကရာဇ် ၉၇၀၊ နယုန်လ္ဆန်း ၅-ရက်နေ့၊ ဟံသာဝတီရွှေနန်းတော်မှာ စံတော်မူစည်သွင်းသည်။ မေတ္တာစာ ကိုလည်း ရေမြေရှင်က စေတော်မူသည်။ သာလှပင်စည်စား၊ သင်ပေါင်းကံစားတို့တွင် အရိယာလင်္ကာရ ဆရာတော်က သွင်းသည်။)

0 comments:
Post a Comment