ရေမြေရှင်လျှောက်သည်ဆရာတော်---
ခမည်းတော်ဘ၀ရှင်မင်းတရားသည် သက္ကရာဇ် (၉၆၀)တွင် ဌာဝရကိန်းသင့်သည်၊ မြို့နန်းထီးကနက် ဆောက်စိုက်တော် မူသည်၊ ဌာဝရကိန်းကို မည်သို့တွက်သနည်း၊ ဌာဝရကိန်းသင့်သည်နှစ်က နှစ်မည်မျှရောက် ဌာဝရကိန်းဖြစ်ဦးမည်နည်း သိသာအောင် သွင်းတော်မူပါဆရာတော်။ ။
(သရက်ချိုစား၊ အင်းတပင်စားတို့ကို စေတော်မူသည်။)
Show/Hide
မှာလိုက်သည်ကား---
သက္ကရာဇ် (၇၂၀)က ဌာဝရကိန်းဝင်စဖြစ်သည်။ ခြောက်ခုမြောက်၌ သတိုးမင်းဖျား ရတနာပူရမြို့နန်းကို ပြုစု တည်ထောင်၍ တိုင်းမှုပြည်ရေးတို့ကိုစီရင်၍ သာသနာကိုပြုစုတော်မူသည်။ ပဌမဌာဝရကိန်းက ဒုတိယဌာဝရ ကိန်းရောက်မည်ကား သင်္ချာအားဖြင့် ၂၄၀-ရောက်လျှင် ဌာဝရကိန်းတစ်ကြိမ်ကျသည်။ ထိုကောဇာသက္ကရာဇ် ကိုထုတ်၍ သုံထပ်ထားသည်။ အထက် ၁၂-ခုစားသေသကို မှတ်၍ထား၊ အလယ် ၃၀-စား သေသကို မှတ်၍ထား၊ အောက်ကို ၈၀-စား သေသကို မှတ်၍ထား ၃-ထပ်လုံးသေသတူစေ၊ မဏ္ဍိုင်ချား၍ သေသကို ၃-ထပ်ထားပြန်၊ အထက်ကို အလယ်နှင့်မြှောက်၊ အောက်သင်္ချာနှင့်မြှောက်ပြန်၊ ထိုသင်္ချာသည် မြို့သက်ဖြစ်၏။
ယခုပုဂန်မြို့ကို ပျဉ်ပြားမင်းတည်သည်၊ ထိုမင်းလက်ထက် သက္ကရာဇ်တို ၂၀၀-ပြည့်ရာတွင် ဌာဝရကိန်းဝင်စဖြစ်သည်။ အလောင်းစည်သူ နန်းတက်၍ ၁၀-မြောက် သက္ကရာဇ် (၄၆၀)တွင်တကြိမ် ဌာဝရမြို့နန်းတည်၍ စံတော်မူသည်။ သတိုးမင်းဖျားလက်ထက် ၇၂၀-တွင် ဌာဝရကိန်းရောက်စဖြစ်သည်။ ၇၆၂-ခု ရတနာပူရကို မြို့နန်းတည်သည်။ သက္ကရာဇ် (၉၆၀)တွင် ဌာဝရကိန်းဝင်စဖြစ်သည်။ ထိုသက္ကရာဇ် (၉၆၀) ၀ါခေါင်လဆန်း (၁၁)ရက် ၅-နေ့ မြို့နန်းမြေနန်း မြို့ဗဟိုစင် နာရီမောင်းမြေစနစ်၍ တည်ထောင်တော်မူသည်ကို နှလုံးသွင်း တော်မူအပ်သည် ရေမြေရှင်။ ။
(အရိယာလင်္ကာရဆရာတော်က ဟံသာဝတီစံနန်းတော်မှာ သွင်းသည်။)

0 comments:
Post a Comment