ညောင်ရမ်းခေတ်သွင်းစာများ (၃)

on Wednesday, May 4, 2011
ပုညရှင်စေတီတော် တကာအကြောင်း သိလိုပါသည်၊ စေတီကိုလည်း ယခင်ရှိပြီးစေတီနှစ်ဆူကိုငုံ၍ တည်ထားခြင်းဟုတ်၊မဟုတ်သိလိုသည်။

ရေမြေ့ရှင်လျှောက်သည်ဆရာတော် --
စစ်ကိုင်းမင်းဝံတောင်တွင် စေတီတော်ကို ပုညစေတီဟု ခေါ်ဝေါ်ကုန်သည်။ ပုညာဆိုသောသူသည် မြို့သူကြီးလော၊ အမတ်ပင် ပုညာခံသလော၊ ပုညာအမတ်သည် အိမ်စည်အိမ်ဦးတွင်ထဲသော ၀ိဇယပူရက ပန်းထိမ်ငစိမ်သင့် ယူခဲ့သော တူထဲကတဆူ၊ ပေထဲကတဆူထွက်၍ ဘလားလုံးရှိ တ၀င်းဝင်းရှိသည်ကို ရတနာပန်းတောင်းဖြင့်ခံ၍ ကျိန်းဝပ်တော်မူပါ တောင်းပန်သည်။ မွေတော်နှစ်ဆူနားသည်။ မိုးသောက်လျှင် ခြေမြန်ကုလားကိုစေ၍ ရွှေလင်ပန်းတွင် သင်ပုတ်အပြည့်ပြင်၍ မွေတော်နှစ်ဆူတို့ ပတ္တမြားကြုတ်နှင့် သင်ပုတ်ဦး၌ မြှုပ်မှ အမောင်.. လေးကျွန်းဆီမီးတောင်က တက်၍ တောင်ထိပ်တပြင် တင်ချင်စိတ်ရှိသည်၊ တောင်ထိပ်တင်ခဲ့တော့ မှာထားပို့စေသည်။ လေးကျွန်းဆီမီးကတက်၍ တောင်ရိုးကို လျှောက်သည်။ သီရိ(ဓမ္မာ)သောကမင်းကြီး တည်သောစေတီတဆူ၊ ပတူသင်္ဃရာဇာတည်သော စေတီတဆူအကြားတွင် တည်ထားသည်။ ထိုတွင် နှစ်ဆူသောစေတီကို မြို၍ ပုညာအမတ် စေတီတည်သည်ကို အသင်္ခယာစောယွန်းသည် မာန်တက်၍ ပုညာအမတ်ကို ရေစိမ်ရာတွင် ရေပင်ဝှမ်း၍ ပုညာအမတ်သည် ရေပြင်ထက် ပကတိနေနိုင်သည်။ အစည်စကား ဆိုတုံကြသည်။ သိသာအောင် မိန့်တော်မူပါဆရာတော် ။ ။Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၂)

ဘုရားရှင်ဆံတော်မြတ်ရှစ်ဆူကို ဌာပနာသောစေတီရှစ်ဆူတွင် သီဟပဗ္ဗတစေတီတော်၌ ဌာပနာသော ဆံတော်မြတ် မြေသို့မကျဘဲ ရှိသည့်အခြင်းအရာကို ရှင်းလင်းပါရန်။ ။

ရေမြေ့ရှင်လျှောက်သည်ဆရာတော် --
သုံးလူအထွတ်မြတ်စွာဘုရားသည် တဖုဿ၊ ဘလ္လိက ကုန်သည်ညီနောင်တို့နောက်မှ ဘုရားသခင်ခြောက်ဝါမြောက်သော ဆံတော်ရှစ်ချောင်းကို ကုန်သည်တို့အား ဇာလိယတောင်တွင် အပ်တော်မူသည်။ ဆံတော်မြတ်ကို နတ်တို့နှင့်ညှိ၍ ဇေယပဗ္ဗတ-ဟူသော မောထောရှင်စောကို တည်၍ ဌာပနာသွင်းသည်။ နာဂပဗ္ဗတတွင် နှစ်ချောင်း၊ နိဂြောဓပဗ္ဗတတွင် နှစ်ချောင်း၊ ဂေဟပဗ္ဗတတွင် နှစ်ချောင်း၊ ကျဇောမည်သောအရပ်တွင် နှစ်ချောင်း၊ တောင်ကြီးတွင် နှစ်ချောင်း၊ တလိုင်လိုမလွန်တွင် နှစ်ချောင်း၊ အသိတတွင် နှစ်ချောင်း ဌာပနာ၍ စေတီတည်သောအခါ သိကြားနတ်မင်း ရသေ့တို့နှင့်တည်သည်။ သီဟပဗ္ဗတတွင် စေတီကား တောင်ထိပ်မြေကို မကျပဲကောင်းကင်၌ တည်သည်အရာများကို ရှေးသူတော်ကောင်းတို့ မှတ်သားထားသောစာများကို သွင်းကြ၍ သိတော်မူသည်။ ထိုရှစ်ဆူသောစေတီတွင် ကောင်းကင်၌ မည်သို့တည်၍ တောင်ထိပ်သို့ မကျရှိလေသနည်း။ သည်အရာတို့ကို သိသာအောင် မိန့်တော်မူပါဆရာတော်။Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၁)

ဂန္ဓာရမင်း၊ ရခိုင်မင်း၊ လင်းဇင်းမင်း၊ ယွန်းမင်းတို့ ပင်းယတွင်သက္ကရာဇ် (၆၇၄)ခုက လာရောက် တည်ထားကြသောစေတီများ ယခုအခါတိမ်မြုပ်နေသည်၊ ရှာဖွေပြသနိုင်မည်လား သိလိုပါသည်။

ရေမြေရှင်လျှောက်သည်ဆရာတော်-
စန္ဒစက္ကပဗ္ဗတတောင် အရှေ့ပင်းခြားအင်းတွင် မြေတောင်ရှိသည်၊ ထိုတွင် သက္ကရာဇ်(၆၇၄)ခု၊ တပေါင်းလဆန်း(၇)ရက်နေ့ တစီးရှင်တည်ရာတွင် ကိုးဌာနသည်ကား--ပန်းရစည်းခုံစေတီတော်၊ အတွင်းကျောင်း၊ ရွှေကူ၊ မြို့တော်၊ နန်းတော်၊ ဆောက်ရှည်ကန်၊ ကန်လှ- ကိုးဌာနတို့ကို တချိန်တခါတည်း တည်သည်ဆိုသော စာဟောင်းများသည် ထင်ရှားစွာရှိသည်၊ စေတီတော်ကို တည်သောခါ ဂန္ဓာရမင်း၊ လင်းဇင်းမင်း၊ ယွန်းမင်း၊ ရခိုင်မင်းတို့ကို ရွှေပေအက္ခရာ သံစေ၍ မဟာမိတ် အထက္ခာရီပြု၍ ခေါ်ရာတွင် လာရောက်ကြသည်။ Show/Hide

စကားလက်ဆောင်



ညောင်ရမ်းခေတ် သွင်းစာများကို အွန်လိုင်းချစ်သူများထံ မျှဝေပေးချင်တဲ့စေတနာဆန္ဒ တစ်ခုတည်းနဲ့ ဒီဘလော့လေးကို တည်ဆောက်ခဲ့မိတာပါ။ ညောင်ရမ်းခေတ်ဆိုတာ ဘယ်တုန်းကပါလို့ ပြောစရာ လိုမယ်မထင်ပါဘူး။ သမိုင်းကို အကဲခတ်ဖူးသူတိုင်း ´ညောင်ရမ်းခေတ်´ ဆိုတာကိုသိလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ သမိုင်းချစ်သူတွေအတွက်တော့ ဒီသွင်းစာတွေဟာ အဖိုးမဖြတ်နိုင်တဲ့ရတနာတွေလို့ ပြောလို့ရနိုင်မယ်ထင်ပါတယ်။ သွင်းစာများကိုလေ့လာနေသူများ အတွက် တစ်စုတစ်ဝေးတည်း အလွယ်တကူရရှိစေနိုင်ဖို့ကိုလည်းရည်ညွှန်းပါတယ်။ အနောက်တိုင်း တွေးခေါ်ပညာရှင် ဘာဝါ(Bulwer) ပြောဖူးတဲ့စကားလေးကို သတိရမိတယ်။ ´Laws die, books never.= ဥပဒေတွေကတော့ပျောက်ကွယ်သွားတတ်ပါတယ်။စာအုပ်တွေကတော့ ဘယ်တော့မှ မပျောက်ကွယ် နိုင်ပါဘူး´တဲ့။

ညောင်ရမ်းခေတ်တွင်ဘုရင်မင်းမြတ်ရဲ့အမေးကိုဆရာတော်(သံဃာတော်)တို့ကဖြေဆိုထားတဲ့ သွင်းစာများ အများအပြားရှိခဲ့ပါတယ်။ အဲဒီသွင်းစာအချို့ကို စုပေါင်းမှတ်သားထားတဲ့ပေမူတစ်ဆူကို အမရပူရမြို့၊တောင်လေးလုံဆရာတော် ဦးပညာဇောတ ကူးယူထားတဲ့လက်ရေးစာမူကိုစာစီကာ လက်ဆင့်ကမ်း ပေးလိုက်ခြင်းမျှသာဖြစ်ပါတယ်။Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၃၀)

ဘုရင်းမင်းတို့စံတော်မူရာအရပ်မှ နံတော်မူလရှိရာအရပ်၌ ကောင်းမှုစေတီတည်ထားအပ်ကြောင်းသွင်းစာ

ဘုန်းတော်အလွန်းကြီးလျက် အသက်ရာမြတ် အာယုကပ်ပတ်လုံး အန္တရယ်ရန်မာန်ခပ်သိမ်း ကင်းငြိမ်းတော်မူ၍ ဗုဒ္ဓင်္ကုဘုရားအလျာဖြည့်ရာမှန်လှ စရိယတရားမြတ်သုံးပါးကို ဖြူထားစင်ထွေ ပြည့်လေလေသာ ဖြည့်ဆောင်တော်မူနိုင်ပါစေသောဟု၊ ဥတ္တမဟာသီလဝံသဆရာတော် မေတ္တာရည်မှတ်၍ မပြတ်ပို့ရောက်အပ်သော သာသနာ့ဒါယကာ မဟာဓမ္မရာဇ်တရားမင်းမြတ်၊ မင်းဘို့မင်းရန် မင်းနှင့်တန်သော၊ ကျင့်ဝတ်တရားတို့ကို၊ ဘုရားရှင်ဟောတော်မူနည်းတရားကို၊ အမှီပြု၍ ရှေးဆရာကြီးတို့၊ ဝတ္ထု စာစောင် ပျို့ကဗျာတို့ဖြင့်၊ မင်းကျင့်ခန်းကို ပြညွှန်တော်မူတိုင်း မချွတ်မယွင်း၊ ကျင့်ဆောင်တော်မူပါလျှင်၊ ချမ်းသာသုံးပါး ထင်ရှားရှေ့တော်က ရှိပါတော့သည်။Show/Hide

ညောင်ရမ်းခေတ်သွင်းစာများ (၃၂)

ထီးနန်းပြောင်းလဲရခြင်း၊ တိုင်းနိုင်ငံ၌ ဘေးဆိုးကျရောက်ခြင်းနှင့် စစ်မက်ထူပြောခြင်းဖြစ်စေသော ကိန်းခန်းဓာတ်တို့ကို သိလိုပါသည်။

ရေမြေရှင်လျှောက်သည်ဆရာတော် ---
စာဟောင်းများတွင် ဓာတ်လေးရပ်၌၊ ဓာတ်ဆန်းဓာတ်ပျက်တို့တွင် ၃-ပါတ်ရန်မာန်အန္တရယ်များ၍ ထီးနန်းပြောင်းခြင်း၊ တိုင်းရေးပြည်ရေးခက်ခြင်း၊ စစ်မက်တက်ခြင်းအမှုတို့သည် အထူးထူးဖြစ်၍ ထိတ်လေသော အရာ လာလတ္တံ့သောအနာဂါတ်တို့၌ မည်သို့ဖြစ်လတ္တန့်သည်များကို ဆရာတော်သည် အတိဂမ္ဘီရရှိတော် မူသည့်အတိုင်း ဓာတ်ပန်းဓာတ်ကိန်းဓာတ်ဆန်းစုတ်ပျက်စသောအရာတို့ကို သိသာအောင် အကျဉ်းပြ၍ စာသွင်း တော်မူပါဆရာတော်။
ဝမ်းဘဲအင်းမြတ်နန်းဘုံသာနန်းတော်က စားတော်ကွံးရေကိုင် မင်းလှရွှေတောင် မင်းလှကျော်သူတို့ကို စေတော်မူသည်။Show/Hide

ညောင်ရမ်းခေတ်ဦး မင်းတို့၏လောကီယုံကြည်မှုများ

ညောင်ရမ်းခေတ်ဦးတွင် စိုးစံခဲ့ကြသော ညောင်ရမ်းမင်းတရား၊ အနောက်ဘက်လွန်မင်းနှင့် သာလွန်မင်းတို့သည် ထေရ၀ါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်ပြီး သာသနာတော်ကို အားပေးခဲ့ကြသည်။ သို့သော် ထိုမင်းတို့သည် ဗုဒ္ဓသာသနာတော်မှအပ လောကီယုံကြည်မှုတို့ကိုလည်း လက်ခံလုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

ညောင်ရမ်းမင်းသည် အေဒီ ၁၅၉၇-ခုတွင် တောဖြစ်နေသော အင်းဝကို အ၀ဟုသမုတ်ပြီး မြို့တော်အဖြစ် သတ်မှတ်သည်။ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး၊ သောတာပန်နတ်၊ သကဒါဂန်၊ အနာဂန်၊ သာသနာတော်စောင့် မြို့စောင့်နတ်တို့ကို ပသပူဇော်ရန် ၀န်ကြီးများနှင့် ပုဏ္ဏားများကို ကြိုတင်စေလွှတ်သည်။ ၁၂၄-ကွက်သောကြေးနီပြား အင်းများကို ကွက်သေအင်းချ၍ အင်းဦးမြို့တော်ဘက်သို့ လှည့်လျက် မြှုပ်သည်။ ညောင်ပင်တစ်ရာကို နှစ်တာခြားစီ စိုက်သည်။ ညောင်ပင်စိုက်စဉ်တွင် ပညာရှိတို့က မဟာကာလကာကြီးမန္တာန်တော်၊ မဟာမာရမိုနကြီးမန္တာန်တော် မန်း၍ နတ်ပွဲအစုံ တည်ထား ကျင်းပ၏။ မြို့၏အရှေ့နှင့် အနောက်ထိပ်တို့တွင် ညောင်ပင်နှစ်ပင်ကို စိုက်သည်။ ထိုညောင်ပင်နှစ်ပင်ကို မန္တာန်မန်းမှုတ်၍ ဆေးဝါးဖျန်းပက်သည်။ အင်းထောင်ပြည့်စီ ချသည်။ အစောင့်နတ်သမီး နတ်သားတန်ဆောင်းတွင် သူတစ်ကောင် တင်သည်။ တန်းဟူသမျှနှင့် အရပ်အကွက်တို့တွင် အင်း၊ ယတရာ၊ ရန်နှိမ်မာန်နှိမ်၊ ရန်ပြို၊ မာန်ပြို၊ နှံထားစီရင်သည်။ မြို့တော်ပတ်လည်တွင် ကြေးသွန်းသံလျှက်ကိုင်ထားသော အိန္ဒနတ်ရုပ် ၁၀၀၀-ကို မြို့စောင့်အဖြစ် ချထားသည်။ ကြေးနီပြား အင်းများထည့်ထားသော ကျောက်သေတ္တာ ကျောက်အိုးနှင့် ရွှေပြား ငွေပြားအင်းများ မြို့တော်ပတ်လည်တွင် မြှုပ်နှံသည်။ ထိုအစီအရင်အားလုံးကို ညောင်ရမ်းမင်း၏ လျှောက်ထားချက်အရ၊ ဘားမဲ့ဆရာတော်က လုပ်ဆောင်ပေးသည်။ ညောင်ရမ်းမင်းက မြို့တည်အစီအရင်များ လုပ်ပေးရန်အတွက် ဘားမဲ့ဆရာတော်ကို လျှောက်သည်မှာ---
Show/Hide