လက်ဖက်ရည်ငှက်များရဲ့ ညနေ…(၁)

on Tuesday, December 7, 2010

အမျက်တွေနဲ့
အခက်မပြေတဲ့ ဒီခရီးမှာ
အသက်ရှည်စရာ နည်းဟာ
ဟောဒီ…
လက်ဖက်ရည် ကမ္ဘာကြီးပါ
ကိုယ့်အလုပ် ပြီးမြောက်ဖို့
ကိုယ့်အထုပ် ခရီးပေါက်ဖို့
တီးဟောက်စ်ကို တစ်ခါဝင်
တီးစင်တာမှ တစ်ခါမော့
တီးရှော့မှာ တစ်ခါနား
တီးဂါးဒင်းမှာ တစ်ခါထိုင်
လက်ဖက်ရည်ဆိုင် ဘာသာစကားဆိုတော့
(မသိရင်တော့…)
အာပလာတရားပေါ့ ရှင်မရယ်
ကြားချင်ရင် ချဉ်းကပ်
နပ်ချင်ရင် လေ့လာ
ရှာချင်ရင် အနီးလေး
ရှင်မ…ဘာကားကို ရွေးမလဲ
ဟောဒါ လမ်းဘေးကားပွဲစားတန်း လေ
ဆန်းဘဒ်ကို စီးမလား
ဟိုင်းလပ်, လင်(န်)ဆာ
တိုယိုတာ, ဆူပါဆလွန်း
အဲယားကွန်းပါတဲ့ ဒိုင်နာ
ပါဝါစတီယာရင် ပါတဲ့
ကော်ရိုနာ - ဗင်
ပတ်ဗလစ်ကာ, ဆန်နီ
မစ်ဆူဗီရှီ, ကာနီယာ
လိုချင်တာ အမြန်ဆုံးဖြတ်
အရှေ့မြောက် နယ်စပ်ဂယက်ကြောင့်
ဒီမှာ ကားဈေးတွေ တက်နေတယ်
အိပ်မက်က လန့်နိုးရင်တော့
ရှင်မရယ်…
တစ်ကျပ်ကားတိုးပြီး ပြန်ကြမယ်။

0 comments:

Post a Comment