ညောင်ရမ်းခေတ်သွင်းစာများ (၅)

on Wednesday, May 4, 2011
စေတီတဆူအတွင်း၌ စေတီတဆူတည်သင့်၊ မတည်သင့်။ စေတီကိုပြောင်းသင့်၊ မပြောင်းသင့်။

ရေမြေ့ရှင်လျှောက်သည်ဆရာတော် --
ဇမ္ဗူဒီပါကျွန်းစသော ကျွန်းငယ်ငါးရာတို့၌ သုံးလူအထွတ် ဘုရားရှင်မွေတော်ဓာတ်တော် ရောက်ရာအရပ်တို့၌ စေတီတည်ခြင်း၊ ကူတည်ခြင်း၊ ရေတွင်းတူးခြင်း၊ ရေကန်ပြုခြင်း၊ ကျောင်း သိမ် စရပ် တန်တားဆောက်ခြင်း၊ ပလ္လင်ပြုခြင်း၊ ပြဿဒ်တဆောင်ဆောက်ခြင်း၊ ရေစင်သွန်း၍ မဟာပထ၀ီသို့ရေစက်ချ၍ ပြုစုလှူဒါန်းသမျှ ဌာနတို့သည်ကား မြတ်သောမဟာဘူမိက ၀င်ချေသည်။ ထိုမြေ၊ ထိုအဆောက်အဦး၊ ထိုတောင်တို့သည် အမြတ်ယူရမည်။ ထိုပြည် ထိုမြို့ကို အစိုးရသောမင်းတို့လက်ထက် တောအုံချုံပိတ်ပေါင်း ထူထပ်၍ အတည်အထား အပြုအစု အစေ့အနှံ့မဖြစ်နိုင်၍ ကျန်ကြွင်းသော တောကြီးမျက်ရှည်လည်း ရှိသည်။ ထိုထိုသော တောကြီးမျက်ရှည် တောင်ထိပ်တို့တွင် အဆက်ဆက်စိုးအုပ်သော မင်းဧကရာဇ်တို့သော်လည်းကောင်း၊ မင်းသား၊ မင်းမြေး၊ သူဋ္ဌေးသူကြွယ်၊ မြို့နေပြည်သားတို့သည်လည်းကောင်း၊ အတည်အထား အပြုအစုမရှိ တောသက်သက်ဖြစ်သည်။ Show/Hide

0 comments:

Post a Comment