ညောင်ရမ်းခေတ်သွင်းစာများ (၂၃)

on Sunday, January 23, 2011

ဗဟိုစည်၊အိမ့်ရှင်စည်တို့ကို မည်သို့ ပြုလုပ်စီရင်သင့်သည်။မြို့တံခါးတို့တွင် မည်သည့်အင်းများ စီရင်သင့်သည် ကို သိလိုပါသည်။    

ရေမြေ့ရှင်လျှောက်ထားသည့်ဆရာတော် ---
ဗဟိုစည်ကို စီရင်တော်မူလျှင် အဘယ်သစ်ကို စီရင်တော်မူမည်နည်း၊အင်းအနှံစာရံစသော နတ်ရုပ် လူရုပ်နှင့် အင်းဆံအစီအရင် နွားမွေးစုတ်ရေး သလွဲပြားကညစ်ရေး အရင်းကနှံသည် အဖျားက နှံသည်။ အိမ့်ရှင်စည်တော်များတွင် အရင်းကနှံသည် အဖျားကနှံသည်၊အရာများသည်၊ အလွှန်တရာ စေ့စပ်သေချာ ခဲလှသည်၊ ဆရာတော်ဘုရားနှင့်ရာဇကျော်သူကျောင်းဆရာတော်၊မြို့တွင်းဝတောဆရာတော်တို့ ကြပ်မကြပ် ရှုတော်မူပါ။ အဋ္ဌမုတ်မြစ် ပါ ၈-အင်း၊စတုရင်္ဂနိပတ်အင်း၊သက်တော် ၈၀-အင်း၊သက်တော် ၈၁-ခုအင်း၊ ဇလ္လသီရိအင်း ၆-မည် ၁၊၁၀၈-နှင့် အင်း ၁၊သာသနာတော် ၅၀၀၀ အင်း၁-တို့ကို စည်တော်အရင်းက နှံထားရန်၊ ပုံတော်ဟောင်းအဖျားကနှံထားရန်၊ သောဠဿအဘုံးအထဲ ၁၃၆-သင်္ချာ ရှေးစီရင်သည် ပုံတော်ကိုပါ ထုပ်ပါစေသည်။

ဓာတ်ကြဌာန်းမှာ အဋ္ဌမုခ် ၈၊ စတုရင်္ဂနိပတ်အင်း ၈၊ပီလာပုတ်အင်း ၁၊သက်တော် ၈၀ အင်း ၁၊ သက်တော် ၈၁-ခု အင်း ၁၊ လူမျိုး ၁၀၀-အင်း ၁၊ထောက်ရှည်ပ ကဝအင်း အကန်းအောင် တရိသီဟအင်းတို့ကို  နန်းတော်သို့ အင်းဦးထား၍ မြေတွင် နှံထားရန်၊ပုံတော်ဟောင်းကြငှန်း၆-ရပ်မှာလည်း၊ ဆင်မသား နို့စို့နတ် ကြေအုန်း ပဉ္စင်းခံကံဆောင်သပိတ်၊အင်းရေး အင်းဦး မြို့နားသို့ထားရသည်၊ မြို့တံခါး မျက်နှာကြက် မိဂဒါဝုံတွင် ပဉ္စဝဂ္ဂီတို့အား ဓမ္မစကြာဟောတော်မူသော ဘုရားရုပ်ထု၊ဗောဓိထက်ဝယ် ပဉ္စဝဂ္ဂီ ၅၊ ကပ္ပဋ္ဌီတိ ၄၊ ဂန္ဓမာဒန တောင်၊ ရွှေခွက်ကိုင်သကြား တောင်ညွန့်ဆီညှစ်ဟန်၊ အင်းကွက်မြင်းချက်အောက်သေ၊ ဘုရားရောင်လျှံတော် နန်းတော်သို့ထား၍ ကြက်သည်၊ ပုံသည် ပုံတော်ဟောင်းများနှင့် ရာဇသူရိယ၊ လက်ဝဲကျော်သူ၊ ပုံဏားစီးပွါးစား ကြက်မောက်စား၊မင်းဇူးစားတို့ကို စေတော်မူသည်။နန်းတွင်းမှာစီရင်တော်မူပါကုန် ဆရာတော်များအပေါင်း။         

ဆရာတော်တို့ကြားသည် ---
ရေမြေ့သခင်က ကျောင်းတော်ရောက်ပို့သည် ရှေးပုံတော်ဟောင်းအတိုင်း ဆရာတော်တို့စီရင်ပါမည်၊ သလွဲပြား ကြေးနီးပြား ငွေပြား ရွှေပြား သလွဲဖြူ သလွဲမည်း ရွေ ငွေ သံ ကြေး ဓာတ် ၆-ပါးအရံ၊ပန်ချီဆေးစုံ အင်းရေး မန္တာန် ၉-ပါးစုက ပုံဏား၊စည်တော်စုံ၊စည်တော်နီ စည်ဖြူ ၅-ပုံသာနှင့် ဗြဟ္မာဆိုင်း မွန်ဆိုင်း၊ တရုတ် အတီးအက၊ ဂျွန်းအတီးအက၊ ရှမ်းအတီးအက၊ ယိုးဒယားအတီးအက၊ ရခိုင်အတီးအက၊ ကုလားအတီးအက၊ သက်ကသည်း မျက်နှာမည်း အတီးအကတို့နှင့် မင်းသားအမတ်သွောက်စု မြင်းသည်တော်၊ ရွှေပန်းပန်တဝ် ကောင်ဟန်၊ပန်းထိမ် ပန်းပု၊ ပန်းတည်းသွန်းသမား၊ ခပ်သမား၊ စပ်သမား၊ လက်သမား၊ ရွေးသစ္စေးသမား၊ အင်းရေးမန္တာန်ခဝါ အချုပ်ပုံဏား ဆုတောင်းတော်စာဖတ်၊ ရွှေကရားအသုံး၁-ရေး၊ ပညာသင်စာရေး၊ ပိဿုကာ လက်သ္မား၊ မြသ္မား၊ ရွှေရန်၊ ပန်းပဲ ပန်းပု၊ ကိုးမှူးနတ်ဆော်၊ မြစ်မကင်းကိုင်၊ အသည်စာရေး၊ အိုးစကြီး၊ ထမင်းချက်၊ သစ်တာကြီး ၅၊ သစ်တာငယ်သော စုံကလာပ်နီ ရွှေဖလားကလာပ်ဖြူဖယောင်း၊ လေးကျွန်းမြေ၊ အိုးထိန်းလက်ခတ်မြေ၊ ရအိမ်ပုန်းရည်၊ တောင်ပို့ရလုံးမြေ၊မင်းဝံဥရ တောင်ထွတ်မြေ၊ ကျောက်စာရေး၊ တိုက်ရေး၊ ပုဆိုးတိုက်ရေး၊ ယွန်းစာရေး၊ ပတ်ဆော်၊မြို့ဝန်စာရေးတို့မှ စ၍ ဆရာတော် ၅-ပါးမှာ သင်္ဃာ ၄၀-ပါးမည်၊ ပရပိုက်သံတောင် ၁၀၊ အထပ် ၂၀၊ အငယ် ၃၀၊ ကန့်ကူချွန်၊ ကြေးနီ ငွေကန့်ကူတန် ပြည့်စုံစေ၊ ပရပိုက်တင်စာတင်ရှိစေရမည်၊ နေ့ဆွမ်းလည်း ဘုဉ်းပေးရမည်မှာ ကျောင်းသို့ပြန်၍ ဘုဉ်းပေးနိုင်မည်မဟုတ်၊ နေ့ဆွမ်းပြင်စေမှ အမှုတော် ဆောဆောလျင်လျင် ပြေ၍ အလိုတော်အတိုင်းတီးရမည် အရာဖြစ်သည်၊ မဟာဓမ္မရာဇ် တရားမင်းမြတ်။  ။
(သက္ကရာဇ် ၁၀၉၁ နယုန်လ္ဆန်း ၅-ရက်နေ့ လယ်ပြင်ရွှေကျောင်းဆရာတော်၊ ပြဿာဒ်ကျောင်းဆရာတော်၊ နဲလင်္ကာဆရာတော်၊ ဝါးတောဆရာတော၊် ရာဇကျော်သူကျောင်းဆရာတော် သွင်းသည် မေတ္တာစာ။  )


0 comments:

Post a Comment