ညောင်ရမ်းခေတ်သွင်းစာများ (၁၉)

on Friday, January 21, 2011

မည်သူတို့ကို သူကောင်းပြုသင့်သည်ဟု သိလိုပါသည်။

ရေမြေရှင်လျှောက်သည်ဆရာတော် ---
မဟာသမတမင်းမြတ်တို့မှစ၍  ထီးစည်နန်းဆက် ထီးဆောင်းနန်းနေ အစိုးရသော မင်းတို့လက်ထက် အတွင်းပြင် သေနာပတိဝန်စုရ စုမရ မြို့စားကျေးစားတို့မှစ၍  အရာသို့ တက်၍ ရေမြေ့ရှင်အမှုကို ခန့်ထားစီရင်ခံရသူတို့သည် နိမ့်သော အကြောင်းနှင့် အရာမရှိငယ်သားတို့သည် ခံ၍ ဆောင်ရွက်ရသည် အရာများသည် ရှေးအစည်စကားစီရင်ရိုးမဟုတ် ဖဲပင်အခွန့်ရသူတို့စိတ်ကြိုက်စီရင်၍ အမှုတော် ပြေသော်လည်းကောင်း၊ မပြေသော်လည်းကောင်း၊ အစည်ထုံစံ ဥပဒေ သက်သေသာဓိက မရှိပဲပင် ခံရလေသည်။

ခံရသော်လည်း…ခံရသူတို့ကား ပုံစံထုံးရာဇဝင်အစီအရင်မှုတို့ကို တတ်သိလိမ္မာသည်၊စီရင်ခန့်ထား သူမူကား အလုံးစုံကို မသိ၍ ပေါက်ဆိန်ပေါက် အသွားကျမိရာ ထင်းကွဲသကဲ့သို့သာဖြစ်၍ စီရင်သူတို့သဘောကို ခံရသူတို့သိ၍ အသွန်းတွေးသောစိတ်နှင့် နှလုံးက ရယ်ရအောင် ဖြစ်လေသော အရာများရှိသည်၊ ထိုသို့ရှိသောအရာသည် တိုင်းမှုပြည်ရေးပင် ခက်ခဲ၍ ဆူးရန်ညှောင့် အနှောင့်အရှက်များသည် စီရင်ရိုးအစည်ကို သိသာအောင် ကျမ်းဂန်ကြည့်၍ မိန့်တော်မူပါ ဆရာတော်။      ။
            သပြေလှစားကြားပန်းညိုစားတို့ကို စေတော်မူသည်။
                            
 ကြားလိုက်သည်ကား--
ဘေးတော်အရိုက်အရာဖြစ်သော သံလျက်ကျွန်းထိပ်တွင် ဘိသိက်ခံတော်မူ၍ တိုင်းမှုပြည်ရေးတို့ကို စီရင်တော်မူသည်၊ရှေးအင်းဝတွင် မိတ္ထီလာပြည်ဖြစ်၍ ထိုဘုရားလောင်းနေမိမင်းကြီးစသော သာဂရဒေဝ မင်းတို့သည်စိုးအုပ်စံနေသောအခါ ရှစ်သောင်းလေးထောင်သော မင်းတို့သည် ဥဂင် ရွှင်ကုန်သည်၊ ဘိသိက်ခံကုန်သည်၊ မဆိတ်မတိတ်သော မြို့နန်းရာဖြစ်သည်၊ ရေမြေရှင်လက်ထက် မတော်နှုတ်လက် ခိုးဝှက်လှည့်ဖျား လျှပ်စာစားကို တရားကျင့်ရိုးအလိုက် စီစစ်သောပြည်စိုးမြို့ကွပ် ဆော်ကြပ်ထောင်ပင်း သင်းခိုင်မှူးကြီး ကျေးသီးမြို့စား အစရှိသော အမတ်ရာတည်ဟူသော အမစ္စဗလနှင့် ပြည့်စုံတော်မူစေကြောင်း၊ မုတ္တာမုတ္တ အမုတ္တဟု စသည်လေးပါး လ္နက်ပြားနှင့် မင်းသားမင်းလျာ တတ်စရာသော လွှားကာ သံလျက် ပစ်ခတ်များခြင်း ဆယ့်နှစ်ကွင်းနှင့် ဆင်မြင်းကြန်မျိုး စီးရိုးနင်းနည်း၊ ချုပ်တည်းတိုင်းရပ်၊ လျှပ်သားပညာ၊ ပိဿုကာမှု၊ ရေထုမကျန်၊ တတ်ပွန်ကိစ္စ၊ ဌာရသတို့ကို တတ်သိလိမ္မာစေကြောင်း အတွင်းပြင် မှူးမတ်သေနာပတိတို့နှင့် ဝန်စုဝန်နက်စသောအရာသို့တက်၍ စီရင်ခန့်ထားရသူတို့သည် မိမိတို့ပညာကား ဖွဲပြာမီးသွေးနှင့်အတူဖြစ်သည်ကို ဖုံးဖိဝှက်ကဲ့၍ တကဲ့ဟန် တတ်သိသောလက္ခဏာနှင့် စီရင်ခန့်ထားသမျှတို့ကို ဆောင်သမျှမှာ တတ်သိလိမ္မာ၍ မင်း ၂-ဆက် ၃-ဆက်တို့လက်ထက် အဝတွင် အလုံးစုံမျိုးတို့ကို သိသာသူတို့ ရယ်စရာ အသွန်းတွေးစရာအမှုတို့သည်  နေ့တိုင်းပင် စီရင်တိုင်းဖြစ်ရချေသည်။ အရာများလည်း ပြည်ကြီးဝန်ကိုဆောင်သော အစိုးရသောမင်းမြတ်တို့ အတင့်အသရေမရှိဖြစ်တော့သည်။

အရာသို့ကင်း၍ အရှင်ခန့်ထားလျှင် အဋ္ဌာရသတို့ကို  လုလ္လပြု၍ စီရင်မှသင့်မည်။ ကျေးငွေကိုမက်၍ ပေါက်ဆိန်ပေါက်စီရင်သမျှသည် အပါယ်လေးပါးမှ မလွတ်နိုင်ချေ။ ရေမြေရှင်တိုင်ပင်အောင် လူပိန်းထုမ်း တောင်သူတောင်လာတို့ ခန့်ထားမှားချေသောကြောင့် အသရေတော်လည်းမရှိ၊ ပြည်ကြီးကြက်သရေ တော်လည်း ညံ့ချေသည်။ ခန့်ထားတော်မူသင့်သည်ကား တောင်ငူသူကောင်းသားမြေး ရာဇမဏိစူဠာ ဒါယကာလက်ထက်တော် ဝန်ပြု၍ စီရင်သည်။ သီရိမဟာဓမ္မ၊ သီရိဥဂ္ဂါဓမ္မ၊ သီရိဥဂ္ဂါသေနတို့အဆက် မဟာနန္ဒကျော်ထင်၊ သီရိနန္ဒကျော်ထင်၊ မဟာနန္တစည်သူ၊ သီရိဇေယျကျော်သူတို့သား မြေး မြစ်တို့ကို ရွေးကောက်တော်မူ၍ ခန့်ထားလျှင် တိုင်းရေးပြည်မှု ငြိမ်ဝပ်ချမ်းသာမည် မဟာဓမ္မရာဇ်မင်းမြတ်။ ။

( သက္ကရာဇ် ၁၁၆၂-ခု၊ ဝါဆိုလ္ဆန်း ၇-ရက်နေ့တွင် လယ်ပြင်ရွှေကျောင်း ပထမဇိနာရာမ မဟာဓမ္မရာဇဂုရု ဆရာတော်သွင်းသည်။)






0 comments:

Post a Comment