ညောင်ရမ်းခေတ်သွင်းစာများ (၂၁)

on Saturday, January 22, 2011


မိုးခေါင်၍ သီးနှံမထွက်သောကြောင့် မိုးနတ်ပူဇော်ရိုးထုံးနည်းကို သိလိုပါသည်။

ရေမြေရှင်လျှောက်သည်ဆရာတော် ---
ရတနာပူရ ရွှေဝမြို့ကြီးမှစ၍ အရပ်ရပ်တိုင်း၊ခရိုင်၊နိုင်ငံများမှာ မိုးရေဆွံ့၍ စပါးကောက်ပင် ညှိုးပြန်သည်များကို ကြားသည်။ သည်ကဲ့သို့ ဖြစ်ချေလျှင် နောက်နှစ်ပင်သော်လည်း အစာဆွံ့ရှားမည်အရာ ရှိသည်။ ပုံဏားတို့လည်း မိုးနတ်ရေစီရင်သည် အစည်အရိုးကျအောင် မစီရင်နိုင် အဆင့်ဆင့်စကားကို အမှန်အကန်ပြု၍ စီရင်ပုဇ္ဖော်ကြသည်များကို  စရိတ်သာကုန်၍ အကျိုးတော် မဖွံ့ရှိသည်၊ပုံဏားတို့သည် စားယူရအောင် လုလ္လပြု ရာကျသည်၊နက္ခတ်သဘင်မှာလည်း တန်ဆောင်းမုန်းလပြည့်ကို ပိဿနိုးနတ်နိုးသည်ကို ရည်၍ ခံသည်ကို နတော်လပြည့်ရောက်မှ ခံသည်အရာများကိုလည်း နှစ်သက်တော်မမူရှိသည်၊ အစည်စီရင်ရိုးကို စာတမ်းထုံးနည်း ပုံစံသာမိကဖြစ်အောင်စာသွင်းတော်မူပါ ဆရာတော်။     ။
အောင်သာစား ကံသယာစားတို့ကို စေတော်မူသည်။
                                       
မှာလိုက်သည်ကား ---
မိုးခေါင်အံ့သော အကြောင်းသည် ၅-ပါးရှိသည်၊၅-ပါးဟူသော်ကား တေဇောဓာတ်ပျက်၍လည်း မရွာ၊ဝါယော ဓာတ်ပျက်၍လည်း မရွာ၊မိုးနတ်သားတို့ မေ့လျော့၍လည်း မရွာ၊အသူရိန်နတ်သားတို့သည် မိုးရေကို လက်ခုပ် ဖြင့် ယူ၍ သမုဒ္ဒရာမှာ သွန်၍လည်း မရွာ၊လူတို့တရားမစောင့်၍လည်း မရွာ၊ဤသို့ ၅-ပါးသော အကြောင်းရှိ သည်၊၄-ပါးသော အကြောင်းကို အစိုးရသော မင်းတို့စီရင်သော်လည်း မဖြစ်နိုင်၊လူတို့တရားမစောင့်သည်ကို စောင့်အောင် အာဏာတော်ထားတော်မူသည်သာ အကြောင်းဖြစ်သည်။ မိုးနတ်ရေနတ်စီရင်သည့်ပုံဏားတို့မှာ လည်း ရေသဖန်းသားကို မိုးနတ် မုနိန္ဓရ၊နေမိန္ဓရ၊ဒေဝိန္ဓရ၊ဂေါမိန္ဓရ လေးယောက်ထုစေရမည်၊ဧတ္ထရဌ၊ဝိရူဠက၊ ဝိရူပက္ခ၊ကုဝေရတို့ အရုပ်လည်း ထုရမည်၊နဂါးကျည့်မော် တရပ်၊အိုးတော်လုပ်တရပ်၊တန်းဆောင်းဆောက်၍ ရာဇမှတ်ကာစေမှ သစ်သီးဆိုင်း ပန်းဆိုင်း မြူတာရေချမ်း ပန်းပေါက်ပေါက်ဘယောင်းတိုင်ပူဇော်ရံများနှင့်တကွ မြန်မားဆိုင်း မြန်မာအက၊မွန်းဆိုင်း မွန်းအက၊လက်ရှိစည်ခြူ ၅၊ပုံသာနှင့် တီးမှုတ်စေ၍ သဘင်ခံရမည်၊’’ပစ္စန္နော အဘိဝဿထ၊ဧ၀ရူပံ သစ္စဝရံ’’အစရှိသော ဂါထာကို ရွတ်ရမည်၊ရေမြေရှင်ကလည်း ဆုတောင်းတော် စာဖတ်စေ ရမည်၊မိုးနတ်အား ပူဇော်ဘွယ်ရွှေကလာပ်တွင် ကွမ်းလ္ဘက်ပန်းပေါက်ပေါက်၊၄င်းကလာပ်တွင် ရွှေပေါက်ပေါက် ငွေပေါက်ပေါက် ရွှေပန်းခိုင် ငွေပန်းခိုင် ထုတ်ရမည်။
     
 စီရင်သူပုံဏားတို့အား အနားပါ ပုဆိုးဖြူ အင်းဂျီပေါင်းထုပ် စပါး ၁၀၀၀၊ကြေး ၁၀၀၀ ပေးစေရမည်၊စပါး တထောင်၊ကြေးတထောင်မှာ စီရင်သူပုံဏား ခရုသင်းကိုင်စွဲသမျှပုံဏား အတီးအကတို့ကို အနိမ့်အမြင့်(ဝေချမ်း )ပေးကမ်းရသည်၊၀န်ထောက် ၁၊စာရေးကြီး ၁၊ရွေပြည်စိုး ၁၊သဘင်စာရေး ၁၊ကျီဝန်စာရေး ၁၊ပတ်ဆော် ၁ ခန့်ထား၍ ၃-ရက်သဘင်တော်ခံ၍ တောင်းပန်းခြင်း လုပ်ကြွေးခြင်းတို့ကို စီရင်ရသည်၊ရေနတ်မှာ မဏိမေခလာ၊နာဂရာဇာ၊ငါးမင်း၊မိကျောင်းမင်း၊ဖားရုပ် ဟူသော သတ္တ၀ါငါးယောက် အရုပ်တို့ကို ရေသဖန်းသား ကို ထု၍ ခင်းကျင်းမှ ရှေးနည်းပုဇ္ဖော်ကျင်းပ၍ ဆုတောင်းတော်စာဖတ်၍ ပုဇ္ဖော်ရသည်၊ဘူရိဒတ်နဂါးမင်းပရိတ် ကို ရွတ်ရသည်၊ဆုတော်အနားပါပုဆိုး အင်္ဂျီ စမ္ပါယ်တင် ရွှေမြိတ်ခါသာ ပေါင်းထုပ် ယပ် ခရုသင်း ကျင်းပရသည်၊ စပါး ၁၀၀၀၊ကြေး ၁၀၀၀ တင်ရသည်၊လှေဝန် ၁၊လှေစာရေး ၁`၊သဘင်စာရေး ၁၊ကျီဝန်စာရေးတို့ကိုအကြပ်အမ ခန့်ရမည်၊ရေမြေရှင်က အစည်အရိုး မှန်ကန်အောင် ဆောင်ရချိမ့်မည်၊ဤအရာ ၂-ချက်မှာ ပေးရိုးကမ်းရိုး တင်ရိုး ကြပ်မရိုးမှန်မှ မိုးရေ ကောင်းမြဲဖြစ်သည်။
   
နက္ခတ်သဘင်မှာ တန်ဆောင်မုန်းလပြည့်နေ့သည် ပိဿနိုးနတ်နိုး၍ ၃-ရက်မြောက်တော့သည်။ ရွှေစည်းခုံမှာ တန်ဆောင်းဆောက်၍ ပုံဏားတို့မှာ ပိတ်အုပ် ခါသာအုပ် စပါး ၁၀၀၊ကြေး ၁၀၀၊စီရင်ရင်တို့ကို လျှောက်သည်၊ ပုံဏားတို့မှာ ပုဆိုးနားပါ ၁-စီ၊ခါသာအင်္ဂျီပေါင်းထုပ် ပရိတ်ခြည်ရွှေ၊ခရုသင်းငွေသွန်း ၁-စီ ပေးရချေသည်၊သစ်သီး ဆိုင်း၊ပန်းဆိုင်းကျင်းရဆွဲရသည်၊၅-သွယ်နေ မှူးမတ်တို့က ဖျင်လိပ် ဖျင်စင်း အုန်းခိုင် ငှက်ပျောခိုင် မဟာပိန္နဲနတ် ပူဇော်ရာ တန်ဆောင်းသို့ ရောက်စေ၊လွှတ်က စာချွန်အပ်ရသည်၊ဝန်ထောက် ၁၊စာရေးကြီး ၁၊ကျီဝန် ၁၊မြို့ဝန် ၁၊ရွှေတိုက်ဝန် ၁-ကလည်း ရွှေမြူတာ ငွေမြူတာ ထောပတ်ပွဲ နွားနို့ပွဲ အချိုပွဲ စီရင်၍ ပို့ရသည်။မဟာပိန္နဲနတ်ကြီး တို့နှင့် ကိုယ်စောင့်နတ် ၁-ကျိပ် နှစ်ပါး၊နက္ခတ်စောင့် ၂၈-ပါးတို့ကို ပေးကမ်းရန်၊ကြေးတပိဿာစီတင်ရသည်၊ ဆောင်သမျှ ပေါ်လွင့်ချေလျှင် မိုးရေမရှိသော အရာတို့ကိုလည်း ဗေဒင်ကျမ်းများတွင်ဆိုသည်၊ အစည်အရိုးကို သိ၍ ပုဇ္ဖော်သည့်ဂါထာကို တတ်မှ အကျိုးတော်ပေးသည်၊ အကျင်းအပမှာလည်း စည်ရှိသည်ကို ပို့သပေးကမ်း တင်ထား၍ ပုဇ္ဖော်မှ ပုဇ္ဖော်သည် အကျိုးခံရသည်၊ အစည်မကျသမျှ တနေ့ကို အထောင်အသောင်းပင် စရိတ်ကုန် အောင်သော်လည်း အကျိုးမပေး၊ ဘေးဒဏ်ရန်မာန် တိုးပွါးထပ်ဆင့်စေမည်၊ရည်၍ဆောင်သော အရာကျချေ သည်၊ မဟာဓမ္မရာဇ်။     ။

(သက္ကရာဇ် ၁၀၀၀-ပြည့်၊၀ါခေါင်လဆန်း ၅-ရက်နေ့ တောင်ဖီလာပုဂ္ဂိုလ်ကျော်သွင်းသည့် စာတန်း)





0 comments:

Post a Comment