ညောင်ရမ်းခေတ်သွင်းစာများ (၂၄)

on Sunday, January 23, 2011

ယာယီနန်း မည်သို့ဆောက်လုပ်စံနေရမည်ကို သိလိုပါသည်။

ရေမြေရှင်လျှောက်သည်ဆရာတော် ---
ပညာရှိတို့က ကြက်သွန်ခင်းမှာ ပြန်နန်းဆောက်၍ ယာယီစံတော်မူသင့်သည်လျှောံသည်။ ယာယီနန်းကို မည်သို့ဆောက်၍ စံတော်မူရအံ့နည်း။ နဂိုရ်ကဲ့သို့ စီစဉ်ရမည်လော၊ ယာယီဆိုသမျှသည် သက်ငယ်နန်းသာ ရှေးမင်းတို့စံတော်မူမြဲဖြစ်သည်။ ဘေးတော်ရာဇမဏိစူဠာဒါယကာတော် တောင်ဘီလူး သက်ငယ်နန်း စံတော်မူသည်ကို စီရင်တော်မူပါမည်။ တင်တော်မူသည်ကို စာသွင်းတော်မူပါဆရာတော်။     

သက္ကရာဇ် ၁၀၆၂-ခု၊ တပို့တွဲလပြည့်ကျော် ၉-ရက်နေ့၊ ပေါက်တောကြီးစား တယ်စားတို့ကို စေတော်မူသည်။

ဆရာတော်ကြားသည် ---
          ယာယီဆိုသမျှသည် အခိုင်မလို၊ မဟာသင်္ကြန်တော်ကြီးခေါ်သော နန်းကဲ့သို့သာ စီရင်သည်။ ဝင်း မြင်း ကပ် အထက်အောက်ကပ်ပစ်စီ၍ ပြင်ကိုသစ်တပ်စိုက်စေ၊ သစ်မြို့တခါး ၄-ရပ်၊ ရှေ့ရုံ နောက်ရုံ ပြင်လွှတ်များကိုသာ စီရင်တော်မူတော့ ဗဟိုစင်လည်း မတည်မဆောက်စေနှင့်၊ နှရည်စရာမောင်းသာထား၍ အချိန်အခါသိရုံ တီးစေတော့၊ ယာယီနန်းမြို့အတွင်းတိုက်တော် မင်းခန်းတိုက် ထီးဖြူတိုက် ပန်းပွတ်တိုက် နန်းကကြွေးပြင်ကအုံပေါက်တိုက် ၃-တိုက်ကိုသာ စီရင်သင့်စီရင်အပ်တော့သည် မဟာဓမ္မရာဇ်။   ။

( တပ်တော်ကျောင်း ဓမ္မာဘိရာဇဂုရုဆရာတော်သွင်းသည့်လျှောက်တန်း။ )


0 comments:

Post a Comment